မင်းဘူး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို မင်းဘူးမြို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် ဆီဆိုင်ဝင်းအတွင်း မီးချိတ်၊ မီးကဒ်၊ ရေပုံး၊ သဲပုံးများထားရှိခြင်း၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြကာ မြို့နယ်အတွင်းမှ ဆီဆိုင်များ၏ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
(၅၀၄)