ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားအဖွဲ့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားသမားများနှင့် အုပ်ချုပ်၊ နည်းပြများ တက်ရောက်ကြသည်။