သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ အောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း ပါဠိပထမပြန်စာမေးပွဲကို အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်တို့အား စာအောင်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ၁နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အောင်ဗောဓိဆုတောင်းပြည့်စေတီတော်ရှိ သာသနသောဘိဏီ (ထက်လင်းသိမ်တော်ကြီး)၌ ကျင်းပသည်။