ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ သရိယဓာတ်တော်များအား ပင့်ဆောင်ပူဇော်ပွဲကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ သရိယဓာတ်တော်များအား ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဘုရားငါးဆူစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲကြီးတွင် အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဗုဒ္ဓဘုရားရှင်၏ သရိယဓာတ်တော်မြတ်များနှင့် ရဟန္တာဓာတ်တော်မြတ်များအား မူလစံမြန်းရာ ဂန္ဓကုဋီတိုက်မှ မှန်ကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ခြင်းကို နမောတသဂါထာတော် (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်ဗဟိုဝန်ဆောင်ဘအဂ္ဂမဟာသဒဓ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကျောက်မှော်ကျောင်းတိုက် ဦးစီးပဓာန ဆရာတော် ဘဒ္ဓတဓမ္မဇဗီယ အရှင်သူမြတ်ကြီးမှ (၉)ပါးသီလ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကြွရောက်လာကြသော ဆရာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်ပေးခဲ့ပြီး ဘုရားငါးဆူ အာရုံခံတန်ဆောင်းအတွင်းရှိ မီးခံသေတ္တာရွှေကျောင်းဆောင်သော့အား ဂေါပကဥက္ကဋ္ဌမှတဆင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ထံ ပေးအပ်ပြီး တာဝန်ရှိပုဂ္ဂိုလ်များမှ ဆရာတော်ကြီးထံ ဆပ်ကပ်လှူဒါန်းပေးခဲ့ရာ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များက ဘုရားငါးဆူစေတီတော်မြတ်ကြီးအား လက်ယာရစ်ပတ်၍ မှန်ကျောင်းဆောင်သို့ လက်ဆင့်ကမ်းပင့်ဆောင်ပူဇော်ခဲ့ကြရာ ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များမှ ဇယန္တောဗောဓိယာ မူလေဂါထာတော် ရွတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ရာ ဂီတရှေ့ဆောင်ချမ်းမြေ့မောင် တေးပဒေသာအဖွဲ့က တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)