ရေတာရှည် ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူရိုင်၊ ရေတာရှည်မြို့နယ် သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ကံမြင့်ကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပဲခူးတိုင်းဒေသကြီးတိုင်းသံဃနာယကဆရာတော်ဘဒ္ဒန္တဣန္ဒာစာရမှဩဝါဒကထာမြွတ်ကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးဥက္ကာသန်းမှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့သံဃာအဖွဲ့အစည်းမှ အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာ ကြွရောက်လာသော ဆရာတော်(၁၀၂)ပါးမှ (၇၅)ပါးဆန္ဒပေးသည့်အ တွက် အစည်းအဝေးထမြောက်အောင်မြင်ပါကြောင်း သဘာပတိဆရာတော်က ကြေညာပြီး အစားထိုးရွေးချယ်ခြင်းအား ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်မှ နိဂုံးချုပ်ဩဝါဒ စကားမြွတ်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်