ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၄

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် စဉ်ဆက်ပညာရေး စာသင်သားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ် (၄) မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူး‌ပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပညာရေးမှူးရုံးနှင့် မြို့နယ်ကိုယ်စားပြုနည်းပြ၊ ကြီးကြပ်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ထို့‌နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် (၄) မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူး‌ပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စဉ်ဆက်ပညာရေးတွင် တက်ရောက်ခဲ့သည့် စာသင်သားများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ဆက်လက်ပြီး စဉ်ဆက်ပညာရေးတွင် တက်ရောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ် (၄) မြို့နယ်မှ ဆရာ၊ ဆရာမများက လူတိုင်းအတွက်ပညာရေး၊ အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး သီချင်းများဖြင့် ဂုဏ်ပြုသီဆိုကြရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)