စစ်ကိုင်း ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲ ဧက (၁၃၀၀၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းမြို့နယ်၌ ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆောင်းမြေပဲ (၁၃၇၇၀)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ (၁၃၃၈၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး၍ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းမြေပဲကို ဆင်းပဒေသာ (၁၁)နှင့် မကွေး (၁၁)မျိုးကို အများဆုံး စိုက်ပျိုးကြသည်။
“စစ်ကိုင်းမြို့နယ်အတွင်းမှာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးချိန် ဆောင်းမြေပဲ (၁၃၃၈၁)ဧက စိုက်ပျိုးထားပြီးဖြစ်တဲ့အတွက် လျာထားချက်ရဲ့ (၉၇) ရာခိုင်နှုန်းနဲ့ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆောင်းမြေပဲကို လျာထားဧကထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန့်အောင်က ပြောကြားခဲ့သည်
စစ်ကိုင်းမြို့နယ်တွင် ယခင်နှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင်လည်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲ (၁၃၃၇၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးအောင်မြင်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)