ပိုင်ကျုံမြို့၌ နှမ်းနက်(ခေါ်)စမုံနက်နှမ်း ဈေးကောင်းရ၍ နှမ်းစိုက်တောင်သူများ ပိုမိုအဆင်ပြေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ဆီထွက်သီးနှံဖြစ်နှမ်းများကိုလည်း စိုက်ပျိုးလျက်ရှိပြီး နှမ်းနက်(ခေါ်) စမုံနက်နှမ်းစိုက်တောင်သူများ နှမ်းဈေးကောင်းရ၍ မိသားစုစားဝတ်နေရေး ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။