ပေါင်းတည်၌ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးနှင့် ကောက်စိုက်စက်မျိုးစေ့ချစက်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေးကွင်းသရုပ်ပြသ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးနှင့် ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်နည်းမှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြလက်တွေ့စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၂၅၊ လယ်မြေ ၁ဝ ဧကရှိ တောင်သူ ဦးစိုးသန်း၏ စိုက်ပျိုးမြေ၌ ကျင်းပပြုလုပ်သည်။