ချောင်းဆုံမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ပြန်လည်အတည်ပြု စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်တွင် ကောက်ယူပြီးစီးခဲပြီး မြေပြင်ကွင်းဆင်း၍ ပြန်လည်အတည်ပြုစစ်ဆေးခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကျေးရွာ (၃) ရွာရှိ စုရပ်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ချီးမြှင့်

အားကစားနှင့်ကာယပညာဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မြဝတီမြို့၌  KG တန်း ကလေးငယ်များအား  တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး  ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို  ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံမတ်ပဲ ၁၂၈၄၁ ဧကစိုက်ပျိုးပြီးစီးအောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတို့၏ဦးဆောင်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာအုပ်စုများတွင် ဆောင်းသီးနှံ မတ်ပဲကို ၁၂၈၄၁ ဧကထိ စိုက်ပျိုးပြီးစီးခဲ့ပြီး အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့၌ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်​ကြားခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်မည့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့နံနက်ပိုင်းက (ဝါးလည်ကျေးရွာ)အခြေခံပညာမူလတန်းကျောင်းနှင့် (ကြို့ကုန်းကျေးရွာ)အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပတ်စဉ် (၃၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီးနှင့် သူနာပြုအုပ်ကြီးများ တက်ရောက်ကြသည်။  

မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး စာအုပ်စာပေများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က အ.ထ.က (မိုင်းယောင်း)၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး စာအုပ်စာပေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to