တောင်ငူမြို့၊ အ.ထ.က(၄)သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းသို့ Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနား အမှတ်စဉ်(၁/၂၀၂၅)  သင်တန်းဆင်းပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားအမှတ်စဉ် (၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မြန်မာနိုင်ငံကလေးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်၊ စက်မှုလယ်ယာအဝင်လမ်းနှင့် ပေါင်းဆန်စက်ရုံ အဝင်လမ်းဆုံရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြေက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၇၈)နှစ်မြေက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို နမ့်စန်ဂေါက်ကလပ်နေရာတွင် ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်မြင့်က ဂေါက်သီးရိုက်ဖွင့်လှစ်ပေးခဲ့သည်။

သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာဖတ်ဝိုင်းဖွင့်လှစ်နေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ ရွာဦးရပ်၊ မာလာရုံ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် စဉ်ဆက်ပညာရေးလုပ်ငန်း စာဖတ်ဝိုင်းအား ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အ.မ.က(မူလွန်)ချောင်းရင်းစံပြကျေးရွာ၌ ပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် “လွိုင်ကော် - လောပိတလမ်း” ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်  “လွိုင်ကော်-လောပိတလမ်း” ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါ လမ်းသစ်မုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၊ ဝဲဒေါင့်အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပြည်ပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊​ ပြည်မြို့၊ ပြည်ပညာရေးဒီဂရီကောလိပ် အားကစားခန်းမ၌ ယနေ့နံနက်က ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်း ပပြုလုပ်သည်။
Subscribe to