ပေါင် ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားအမှတ်စဉ် (၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံကောင်စီအဖွဲ့ဝင် အတွင်းရေးမှူး ရဲမှူးသံမရောင်က သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားရာတွင် အရန်မီးသတ်သည်ပြည်သူအတွက် အားကိုးရသည့် မီးသတ်တပ်ဖွဲ့ဝင်ဖြစ်လာသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အရန်မီးသတ်အင်အားကို ယခုရှိသည့်အင်အားထက် တိုးပွားလာအောင် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ သင်တန်းကပို့ချသည့်သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်အောင် သင်ယူထားသည့်အတွက် ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူ ဦးကျော်မျိုးလှိုင်က သင်တန်းကိုအောင်မြင်စွာတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၅၀)ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် အရန်မီးသတ်သင်တန်းကိုဖွင့်လှစ်ခြင်းဖြင့် သဘာဝဘေးကြုံလာပါက ပြည်သူတို့၏အသက်အိုအိမ်များကို ကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)