သထုံ ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ ရွာဦးရပ်၊ မာလာရုံ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် စဉ်ဆက်ပညာရေးလုပ်ငန်း စာဖတ်ဝိုင်းအား ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လိုက်လံကြည့်ရှုရာတွင် သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးခဲမိုင်းနှင့်တာဝန်ရှိသူတို့မှ ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ကူညီပေးခဲ့ကြသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ရွာဒေသအတွင်း ကျောင်းမနေခဲ့ရသူများ၊ မူလတန်းပညာမသင်ကြားခဲ့ရသူများအတွက် စဉ်ဆက်ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သထုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုတို့၌ စာဖတ်ဝိုင်း(၈၀)ဝိုင်း ဖွင့်လှစ်၍ စာသင်သား(၇၆၉)ဦးတို့အား နည်းပြ(၈၀)ဦးတို့က ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ကာ ရက်ပေါင်း(၆၀)ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)