မိုးနဲ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၇၈)နှစ်မြေက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို နမ့်စန်ဂေါက်ကလပ်နေရာတွင် ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်မြင့်က ဂေါက်သီးရိုက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို သက်ကြီးတန်းနှင့်ဝါသနာရှင်တန်းသတ်မှတ်ထားရှိပြီး မျိုးဆက်သစ် ဂေါက်သီးရိုက်အားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာ စေရန်ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)