သထုံ ဖေဖော်ဝါ ၈
မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မြန်မာနိုင်ငံကလေးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ အငယ်တန်းအဆင့်နှင့် အကြီးတန်းအဆင့် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် သီချင်းဆို ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ကျင်ပပြုလုပ်ပေးရာ မူကြိုကလေးများက တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူတို့က အကဲဖြတ်အမှတ်ပေး ဆုရွေးချယ်ပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲကိုကျင်းပရာ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူများ၊ သထုံမူလတန်းကြိုကျောင်း မိဘအမှုဆောင်အဖွဲ့တို့မှ တာဝန်ရှိသူတို့က ဆုရရှိကြသည့် ကလေးငယ်များအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်