လိပ်သို ဧပြီ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်တို၊ နှစ်ရှည် သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိကြရာ လိုင်ချီးပင်များကိုလည်း စိုက်ပျိုးထားကြပြီး ပေါ်ဦးပေါ်ဖျားလိုင်ချီးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသတွင် ဇလဲ၊ ကော်ပတ်ခြံ၊ အလယ်ချောင်း စသည့်ကျေးရွာများမှ လိုင်ချီးသီးများထွက်ရှိရာ လိုင်ချီးသီးများကို အသီးအရည်အသွေးပေါ်မူတည်၍ တစ်စီးလျှင် (၁၀၀၀ဝ)ကျပ်မှ (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း၊ ဒေသထွက်လိုင်ချီးသီးများကို ဒေသတွင်း၌ သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် လိုင်ချီးသီးပင်များအပြင် ကွမ်း၊ ဒူးရင်း၊ မင်းကွတ်၊ မရမ်း၊ သရက် စသောနှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိကြကြောင်း သိရသည်။
နော်ဖလောရင်း