သန်လျင် ဖေဖေါ်ဝါရီ ၁၇
သန်လျင်ခရိုင် သန်လျင်မြို့အောင်ချမ်းသာရပ်ကွက်ရှိ ခေမာရာမသီလရှင်စာသင်တိုက် ဝတ်စုံလှူဒါန်းပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါစာသင်တိုက်ခန်းမ၌ ကျင်းပသည်။
အဆိုပါ လှူဒါန်းပွဲတွင် ကျောင်းတိုက်ပဓါနနာယကဆရာမကြီး ဒေါ်စန္ဒာထံ အလှူရှင်များက သီလရှင်ဝတ်စုံနှင့်အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သီလရှင် ဆရာကြီး၊ ဆရာလေးအပါး (၃၈၀) တို့အား အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)