လဲချားမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

လဲချား ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၁၀ နာရီတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များသည် မြို့အတွင်းရှိ မြို့မစည်ပင်ဈေး၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်အတွင်းရှိ စျေးဆိုင်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများတွင် မီးဘေးလုံခြုံရေးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းမှုနှင့် သုံးစွဲမှုအခြေအနေ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ စနစ်တကျထားရှိသုံးစွဲမှု၊ ရေရရှိရေးနှင့် ရေသိုလှောင်ထားမှုအခြေအနေ၊ ပစ္စည်းများကာကွယ်ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ရှင်းလင်းထားရှိမှုများအပေါ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)