အလုံမြို့နယ်၌ အာဟာရဖွံ့ဖြိုး‌ရေးလုပ်ငန်း​များကွင်းဆင်းဆောင်ရွက်

အလုံ ဖေဖော်ဝါရီ ၂၃

အလုံမြို့နယ်၌ အာဟာရဖွံ့ဖြိုး‌ရေး လုပ်ငန်း​များကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း (၂)နာရီက ​စောရန်ပိုင်အနောက်ရပ်ကွက်ရှိ ဧဒင်ဝင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများသည် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း​များဖြစ်သည့် အသက် ၅ နှစ်အောက် ကလေးငယ်(၆)ဦးအား ဗီတာမင်အေတိုက်ကျွေးခဲ့ပြီး ကလေးမိဘများအား အာဟာရ(၃)အုပ်စုအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းအား သရုပ်ပြဟောပြောခြင်းနှင့် အဏုအာဟာရမှုန့်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)