ရွှေပြည်သာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/) နှုန်းစီပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ရွှေပြည်သာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာ၌ ကျင်းပဆောင်ရွက်သည်။

ဦးစွာ ရွှေပြည်သာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြေကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာလာသူပြည်သူ(၁၁၃၈)ဦးအား တစ်ဦးလျှင်ကျပ်၂၀၀၀၀/နှုန်းဖြင့် ငွေကျပ် ၂၂၆၇၀၀၀ဝိ/- အား အဖွဲ့(၅)ဖွဲ့ခွဲ၍ ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)