ဒဂုံ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာစေတီဝင်းအတွင်း ဓမ္မာရုံ၌ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ၍ ဒဂုံမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် ပြည်သူများအား တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် (ပထမ)အကြိမ် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာမှ အဖွင့်အမှာစကားပြောကြားပြီး ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထက်တို့မှ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ၍ ဒဂုံမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ပြည်သူ(၇၄)ဦးအတွက် တစ်ဦးလျှင်ကျပ် (၂၀၀၀၀) နှုန်းဖြင့် ငွေကျပ်(၁၄၈၀၀၀ဝိ/-)အား ပြည်သူများလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြပြီး မွန်းလွဲ (၁) နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးစံကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ပြည်သူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)