သီပေါ ဧပြီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက အမျိုးသမီးအသင်း (Women Club) နှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသမီးအသင်း (Women Club) ဒေါ်ကြည်ကြည်ရှိန် (အား/ကာ) က အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမားရေးကို များစွာအထောက်အကူပြုစေနိုင်ကြောင်း၊ လူကြီး လူငယ် အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစားကိုပြုလုပ်သင့်ပါကြောင်းစသည်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပြီး လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မဝင့်ဝါခိုင်၊ မလွင်မေခန့်နှင့် အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်မြသက်နွယ်တို့က သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)