မြစ်သားမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီ ၈၃၅၀/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များ ဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၈၃၅၀/-ကျပ်နှုန်းဖြင့် ဧပြီ ၂၃ ရက် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ နွေနှမ်း ၃၅၄၈၈ ဧက စိုက်ပျိုးပြီးစီးပြီး နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မဲဇလီဆည်၊ စလင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၃၅၈၁၆ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၃၅၄၈၈ ဧကစိုက်ပျိုးပြီးစီးပြီးစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြေစာရင်းအင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

ညောင်ဦးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးမြို့၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက်၌ ပြုလုပ်သည့် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ညောင်ဦးမြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများက ယနေ့နံနက် ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရက်(၁၀၀)စီမံချက်ဖြင့် လွိုင်လင်မြို့ရှိ နွားမွေးမြူရေးခြံများတွင် ကာကွယ်ဆေးထိုးနှံပေး

နိုင်ငံတော်အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ဖြင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လွိုင်လင်ခရိုင် ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့ရှိ နွားမွေးမြူရေးခြံများ၌ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုးသတ်ဆေးနှင့်အားဆေးများကိုအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာဖတ်ရှိမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

‎မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်  (၂၆)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက်  (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံက်ပိုင်းမှစတင်၍ ခုနှစ်ရက်တိုင်တိုင်ဣစ္ဆာသယ ကျောင်းတိုက်သန်းရတနာဗိမ္မာန်၌ ‎မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ မဟာအောင်မြေမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့်မဟာအောင်မြေမြို့နယ်အတွင်းရှိ ဆရာတော်များမှ  အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၂၄ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ခုနှစ်ရက်တိုင်တိုင် နေ့/ညမပြတ်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီ ၆၈၉၈ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပိုမိုအဆင်ပြေ‌စေရန်နှင့် စားနပ်ရိက္ခာဖူလုံ‌ရေးကိုရည်ရွယ်ကာ ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စဉ်ဆက်မပြတ်ရောင်းချလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စာသုံးဆီအ‌ရောင်းဆိုင်များ၌ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီ ၆၈၉၈ ပိဿာ ရောင်းချပေး ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဖြူးအရှေ့ရပ်ကွက်၊ အ.လ.က (ခွဲ) ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်နေ့  ညနေ  ၄  နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
Subscribe to