မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားကာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင် (၇) ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

ကော့ကရိတ်မြို့၌ မြို့ပြန်လည်ထူထောင်းရေးလုပ်ငန်း‌ကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက အမှတ်(၃) ရပ်ကွက်၊ ဒေါနခန်းမ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ပစ္စည်းအဟောင်းများထားသော အဆောက်အဦ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဦးထွန်းကို(ဘ) ဦးစိန်မောင် ပိုင်ဆိုင်သော(၄၀-၂၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ်၊ ပစ္စည်းအဟောင်းများထားသော အဆောက်အဦ၌ ယနေ့ ည ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ချောက်မြို့နယ်၌ ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ချောက်ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အ‌ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံ နက်၉နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

မိတ္ထီလာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်

မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး‌သူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းနှင့် 191 Report application အား အသုံးပြုတတ်စေရန် ဖုန်းများတွင်ထည့်သွင်းပေး ခြင်းတို့ကို ယနေ့ဧပြီလ၂၄ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး  ဦးနေမိုးအောင်နှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိပြီး ရေတိုက်စားမှုကြောင့် လူနေအိမ်ခြံဝင်းများ၊ ဥယျာဉ်ခြံမြေစိုက်ခင်းများ၊ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ဖြင့် သံလွင်မြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ရပ်ကွက်များရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်း‌ဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ပူပြင်း‌‌ခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယ‌နေ့နံနက် ၉ နာရီအချိန်ကစတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များအား ‌တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးများ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ မင်းရဲ၊ သင်းတွဲ စိုက်ပျိုးရေမြောင်းများဖြင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင် နွေသီးနှံစုံ ၄၃၈၈ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်ကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ၂၂၀၂၅-၂၀၂၆ ခုနှစ် နွေရာသီ၌ မင်းရဲ၊ သင်းတွဲ စိုက်ပျိုးရေ မြောင်းများဖြင့် ကျေးရွာအုပ်စု ၅ အုပ်စုတွင် နွေသီးနှံစုံ ၄၃၈၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။  
Subscribe to