မိုးနဲ ဧပြီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်များ ဌာနအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိရေး ၊ရုံး/ဌာန ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး နှင့်မြို့သန့်ရှင်းသာယာ လှပရေးအပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေး၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး၊ မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက်ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပေးကြရန်စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းလိုအပ်ချက်များကိုတင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)