မုဒုံမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မုဒုံ ဧပြီ ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ (ဘဲရမ်း/ ကွမ်တာ) မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပသည်။

နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဘဲရမ်းကျေးရွာနေ ကွင်းအမှတ် (၈၄၃) တောင်သူ ဦးမောင်ခင်၏ စိုက်ကွက် ()ဧကတွင် ဆင်းသုခ စပါးအမျိုးအစားအား ရိတ်သိမ်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နွေစပါးစံကွက် ဆင်းသုခစပါးအမျိုးအစားကို ဆယ်တန်းတစ်တန်းလှပ်၍ ဒီဇင်ဘာလမှစတင်စိုက်ပျိုးခဲ့ရာ ဒသမ ပေပတ်လည် () ကွက် ပျမ်းမျှအထွက်နှုန်း စပါးအစို ၁၃၂ တင်း၊ (၆၆ ပေ × ၆၆ ပေ) တစ်ကွက် အထွက်နှုန်း စပါးအစို ၁၁ တင်း ၁၂ ပြည်၊ တစ်ဧကအထွက်နှုန်း စပါးအစို (၁၁၇ ဒသမ ) တင်း ထွက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)