ကျိုင်းတုံ ဧပြီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၂ ဒဿမ ၂၇၆ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်အနက် ကျောက်ခင်းပြီး ၁၂/၀ မိုင်လမ်းပေါ်တွင် အတက်အဆင်း မတ်စောက်သည့် လမ်းပိုင်း ၇ နေရာအား ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများက ဧပြီ ၁၀ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းအား နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၂၅ ရွာမှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ပြီး ထုတ်ကုန်လုပ်ငန်းများ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)