ပေါက်ခေါင်းမြို့တွင် ပြည်သူများပျော်ရွှင်စွာရေကစားနိုင်ရန် မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်

ပေါက်ခေါင်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ နေ့အထိ ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းကို မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့များက သတ်မှတ်နေရာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟို‌ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့က ပေါက်ခေါင်းမြို့၊ အမှတ်(၃)ရပ်ကွက် မြို့နယ်အားကစားကွင်းရှေ့တွင် ဆောက်လုပ်လျက်ရှိသည်။ မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် သင်္ကြန်ယိင်းအကများဖြင့် ဖျော်ဖြေနိုင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် ဌာနဆိုင်ရာရုံးများမှ တာဝန်ရှိသူများက သတ်မှတ်ရက်အလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)