မင်းလှမြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးကြည့်ရှုစစ်ဆေး

မင်းလှ ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဈေးမီးဘေးလုံခြုံရေးစစ်‌ဆေးရေးအဖွဲ့မှ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ ဈေးဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လောင်စာဖြစ်သည့် အမှိုက်များကိုရှင်းလင်းထားရှိရန်၊ ဈေးအတွင်း မီးအသုံးပြုသောသူများအား မီးကိုစနစ်တကျသုံးစွဲရန်၊ ဆိုင်ခန်းများတွင်မီးသတ်ဆေးဘူးများထားရှိသည့် အခြေအနေ၊ မီးဘေးလုံခြုံရေးအတွက်ထားရှိသော ရေကန်၊ မီးချိတ်၊ မီးကတ်တို့ကို ကြည့်ရှုစစ်ဆေးပြီး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)