ရွှေကျင် ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားနှင့်ပက်သတ်သည့် အကြောင်းအရာများအား အများပြည်သူကြည့်ရှုလေ့လာ သိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ ပြသဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားများအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များအကြောင်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါအကြောင်းနှင့် ဘေးအန္တာယ်ကျရောက်နေသော ကလေးအလုပ်သမားအကြောင်း စသည့်အချက်များကို ပြည်သူများသိရှိနိုင်စေရန် ပြသဆောင်ရွက်ထားရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက္မပြတ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)