ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယနေ့နံနက် ၁၀ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာချစ်စံဝင်းရေးသားသည့် “စိတ်ကောင်းရှိဖို့သည်ပထမ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ “လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်းသင်ခန်းစာမှတ်စုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက “လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်းသင်ခန်းစာမှတ်စုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။  

မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ (၃၆) ရွာသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ မြို့နယ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိကျေးရွာပေါင်း (၄၀) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်စီမံကိန်း သတ်မှတ်ကာ တစ်နှစ်ပြည့်မြောက်ခဲ့သည့် ကျေးရွာ (၃၆) ရွာတို့မှ ပြန်လည်ပေးဆပ်ရမည့်သတ်မှတ်အတိုးနှင့် အရင်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ အကြေပေးဆပ်နိုင်ခဲ့ပြီး ကျေးရွာ (၃၆) ရွာကိုလည်း စီမံကိန်းရန်ပုံငွေများကို ပြန်လည်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားထားသည့်“ငဩ”စာအုပ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

မုဒုံမြို့၌ မြို့မသင်္ကြန်ယိမ်းအဖွဲ့များ အကအလှများဖြင့်ဖျော်ဖြေရန် ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များအတိုင်း အစဥ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်ရှိ ခေါပငံချောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ခေါပငံချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို မတ် (၁၂) ရက်နေ့မှစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်လူထုအ​​ခြေပြုဗဟိုဌာန၌ ယ​မန်နေ့ ​ညနေ (၃)အချိန်က စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် သင့်ဘ၀ အောင်မြင်ရေး လှေကားထစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြာင်း သိရသည်။
Subscribe to