ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံတောင် ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယနေ့နံနက် ၁၀ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားကြမည်ဖြစ်ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိစွာ၊ ယဉ်ကျေးသိမ့်မွေ့စွာ၊ စည်းလုံးညီညွှတ်စွာဖြင့် သင်္ကြန်၏အနှစ်သာရနှင့်အညီ ရှေးမူမပျက် လေးလေးစားစားဖြင့် စည်းစနစ်ကျနစွာ ပူးပေါင်းဆောင်ရွက်ကြရန် စသဖြင့် လမ်းညွှန်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများဆွေးနွေးပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပူးပေါင်ဆောင်ရွက်ရမည်များ တင်ပြဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး အပြန်အလှန်ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်ကြောင်း၊ မြန်မာတို့၏ရိုးရာပွဲတော်ကြီးအား အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်များ၊ စတုဒီသာလှူဒါန်းမည့် အစီအစဉ်များ၊ ယိမ်းအကအလှများအား ဆုချီးမြင့်မည့်အစီအစဉ်များကို ပြန်လည်ဆွေးနွေးပြောကြားကြောင်း သိရသည်။

သန်းသန်းအေး