သံဖြူဇရပ် ဧပြီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ခေါပငံချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို မတ် (၁၂) ရက်နေ့မှစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခေါပငံချောင်းသည် သံဖြူဇရပ်မြို့နယ်အတွင်း အောင်ဇေယျ၊ ကျောင်းပိုင်း၊ စက်သစ်၊ အောင်ချမ်းသာနှင့် အောင်ကုသိုလ်ရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းပြီး ဝါခရူမြစ်အတွင်းသို့ စီးဆင်းသဖြင့် ချောင်းတူးဖော်ပြီးစီးပါက မြို့နယ်အတွင်းရေစီးရေလာ ကောင်းမွန်မည် ဖြစ်သည်။
အဆိုပါချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မတ် (၁၂) ရက်နေ့မှစတင်တူးဖော်ခဲ့ရာ ဧပြီ ၁၀ ရက်နေ့တွင် အောင်ချမ်းသာရပ်ကွက်၊ စက်သစ်ရပ်ကွက် နှင့် ကျောင်းပိုင်းရပ်ကွက်အပိုင်အထိ အရှည်ပေ ၂၃၀၀၀ ပြီးစီးပြီဖြစ်၍ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးလှိုင်ဝင်းမောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)