မုဒုံ ဧပြီ ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များအတိုင်း အစဥ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။
မုဒုံမြို့နယ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ အကအလှအဖွဲ့များဖြင့် ဖျော်ဖြေမည်ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ ယိမ်းအဖွဲ့များဖျော်ဖြေပေးနိုင်ရေးအတွက် အကဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့မ (၁/၂/၃/၄) သင်္ကြန်ယိမ်းအဖွဲ့၊ ပညာရေးသင်္ကြန်ယိမ်းအဖွဲ့၊ ဒိုးမားကျေးရွာ သင်္ကြန်ယိမ်းအဖွဲ့ (၅) ဖွဲ့၊ အဆို၊ အက ဝါသနာရှင်များ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် အကြိုနေ့မှစတင်ကာ အတက်နေ့အထိ သီဆိုဧည့်ခံဖျော်ဖြေမှုများနှင့် စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ထို့အပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူးဇော်ပွဲနှင့် အန္တရယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲတို့ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)