မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ (၃၆) ရွာသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

ရန်ကုန် ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ မြို့နယ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိကျေးရွာပေါင်း (၄၀) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်စီမံကိန်း သတ်မှတ်ကာ တစ်နှစ်ပြည့်မြောက်ခဲ့သည့် ကျေးရွာ (၃၆) ရွာတို့မှ ပြန်လည်ပေးဆပ်ရမည့်သတ်မှတ်အတိုးနှင့် အရင်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ အကြေပေးဆပ်နိုင်ခဲ့ပြီး ကျေးရွာ (၃၆) ရွာကိုလည်း စီမံကိန်းရန်ပုံငွေများကို ပြန်လည်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၁၅၄) ဦးတို့မှ ငွေ (၇၄၁.၈၅) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၃၅၈) ဦးတို့မှ ငွေ(၅၁၈.၆၅)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၇၁)ဦးတို့မှ ငွေ(၂၃.၆)သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၆၆၈) ဦးတို့မှ ငွေ(၂၁၄.၂)သန်း၊ အသက်မွေးကျောင်းလုပ်ကိုင်သူ (၆၄၀) ဦးတို့မှ ငွေ(၁၈၄.၃)သန်း၊ စုစုပေါင်း(၄၈၉၁)ဦး တို့အားငွေ (၁၆၈၂.၆) သန်းတို့အားပြန်လည်၍ ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာသို့ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်