သထုံမြို့၌ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းပြုလုပ်သည့် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။

ပန်းတောင်းမြို့နယ်၌ ပေါ်တော်မူ(နေရာဦး)မြတ်စွာဘုရားကြီး စွယ်တော်တိုက် စွယ်တော်စေတီတော်မြတ်တွင် ကိန်းဝပ်သတင်းသုံးသည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်ပင့်ဆောင်ပူဇော်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သာသနာတော်သက္ကရာဇ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ ယနေ့မွန်းလွဲ (၁၃:၀၀)နာရီအချိန်က ပေါ်တော်မူ(နေရာဦး) မြတ်စွာဘုရားကြီးစွယ်တော်တိုက် စွယ်တော်စေတီတော်မြတ်တွင် ကိန်းဝပ်သတင်းသုံးသည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်ပင့်ဆောင်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်းများ ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို စက်တင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက မူလတန်း(လွန်)ကြို့ပင်သာကျောင်း၌ ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို စက်တင်ဘာ ၁၈ ရက်က ကိုင်းပြင်ကြီးကျေးရွာအုပ်စု၊ ကိုင်းပြင်ကြီးကျေးရွာ၊ ကွင်းအမှတ်(၇၈၁)၊ ဦးပိုင်အမှတ် (၄၆/၂) တောင်သူဦးခင်‌မောင်လင်း၏ Drum Seeder ဖြင့်စိုက်ပျိုးထားသော အောင်နိုင်တိုးမိုးစပါးစိုက်ဧက (၃.၅)ဧကတွင် ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၅ခုနှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီနှင့် ည‌နေ ၄ နာရီတို့တွင် ပွဲစဉ် (၃၂)အဖြစ် (၂၁) ရပ်ကွက်အသင်းနှင့် (၁၀၇)ရပ်ကွက်အသင်း၊ ပွဲစဉ် (၃၃)အဖြစ် (၂၅) ရပ်ကွက်အသင်းနှင့် (၇၂)ရပ်ကွက်အသင်းတို့ ရှုံးထွက်ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ ကျပန်းစကားပြောပြိုင်ပွဲ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ မေခခန်းမတွင် ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(‌‌‌‌၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ တွင်မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍ အဖွဲ့(၂)မှ သံန္ဓေပင်ကျေးရွာအုက်စု သံတတားဘုန်းကြီးကျောင်းနှင့် အဖွဲ့(၃)မှ သံန္ဓေပင်ကျေးရွာအုပ်စု ထိန်စွန်းကျေးရွာဘုန်းတော်ကြီး သင်ပညာရေးကျောင်းတို့၌လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် အမျိုးသမီးသက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ်မဲ​ပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရန်ကုန်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်၊ အမျိုးသမီး သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to