ကျိုင်းတုံမြို၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲကျင်းပ

ကျိုင်းတုံ ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲကို ဧပြီ ၂၈ ရက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ (ကိုယ်စား)အဖွဲ့ဝင်-၃ ဦးလုကာတို့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နေပြည်တော်လူရည်ချွန်စုရပ်စခန်းသို့သွားရောက်မည့် လူရည်ချွန်မောင်မယ် ၁၅ ဦးအား ဂုဏ်ပြုဩဝါဒစကားပြောကြားပြီး လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လူရည်ချွန်မောင်မယ်များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)