ကျောက်တလုံးကြီး ဇွန် ၂ဝ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ယနေ့ နေ့လည် (၂) နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲသို့ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၄၂) ဦးက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲသို့ အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြသည်။
အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ကျောင်းသား/ကျောင်းသူများပညာရည်မြင့်မားရေးနှင့် အထိမ်းအမှတ်နေ့များကိုမမေ့လျော့စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို အထိမ်းအမှတ်နေ့များအလိုက် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာ