ချောက်မြို့အခြေခံပညာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး​ဟော​ပြော

ချောက် ဇွန်  ၂၁

မကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာမူလတန်း(ပတ္တမြား)ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်သိမ့်ဝါကကျောင်းသား/သူများအား ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့် စသည့် စာပေဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း  အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စား​သုံးရန်မသင့်​သော အစားအစားများအကြောင်းကိုလည်းကောင်း၊ မြို့နယ်‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစောမြဖောင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီး​ဟော​ပြောခဲ့ကြသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ​နေ​ဖြင့် ကျောင်းသား/သူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝလာစေ​ရေးရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိ​ပြီး အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်နှင့် ဆရာ၊ ဆရာမ၊​ ကျောင်းသား​၊ ကျောင်းသူများ စုစု​ပေါင်း(၁၀၀)ဦး တက်​ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)