လဲချား ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ နောင်ပန်ကျေးရွာရှိ ဟိုလွယ် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်း ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံတိုင်ရင်းသားပြည်သူများ အင်အား (၃၅၀) ဦးထံသို့ ကျွန်းပင်(၅၀)ပင်၊ ကံ့ကော် (၁၀)ပင်၊ခရေ(၅)ပင်၊ မဲဇလီ (၇၃၅)ပင်၊ မန်ဂျန်ရှား (၁၀၀)ပင်၊ ချယ်ရီ(၅၀)ပင်နှင့် မျောက်ငို(၅၀)ပင် စုစုပေါင်း ပျိုးပင်(၁၀၀၀)အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အပ်ခဲ့ပြီး(၁၀'×၁၀')ပန္နက်ဖြင့် စိုက်ပျိုးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)