တောင်တွင်းကြီးမြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့မစည်ပင်သာယာဈေးအနီး တစ်လမ်းမောင်းစနစ်အသုံးပြုသွားလာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေးနှင့် အနီးပတ်ဝန်းကျင် မီးဘေးလုံခြုံရေးအတွက် လိုအပ်ပါက မီးသတ်ကားများအလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေး၊ ယာဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများမဖြစ်ပွားဘဲ ပြည်သူများ အဆင်ပြေချောမွေ့စွာ ဈေးရောင်းဈေးဝယ်သွားလာနိုင်ရေးနှင့် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းအား သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲတွင် မြို့လယ်မီးပွိုင့်လမ်းဆုံမှစတင်၍ ဈေးလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်  ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ်သင်တန်းဖွင့်ပွဲနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ကစတင်ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံး၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊လမ်း ၆၀၊ မနော်ဟရီထောင့်ရှိ Swallow Hotel ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇နာရီမှစတင်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့‌ဆေးရုံကြီး အရှေ့ဘက်ဆေးရုံသုံးထပ်ဆောင်ခန်းမ၌   ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

ကျိုက်မရောမြို့ နတ်စမ်းကျေးရွာ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၂ ရက်နေ့နံနက် ၉နာရီ က နတ်စမ်းကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

နမ့်စန်တွင်  မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံး ပြိုင်ပွဲအုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
Subscribe to