မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြော၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာ​ပေးဗီနိုင်း ချိတ်ဆွဲထားမှုအား ကွင်းဆင်းစစ်​ဆေး

ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ​ပြေစာအမှတ်တံဆိပ်ကပ်နှိပ်​ရောင်းချရ​သောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာ​ပေး​ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာ​ပေး​ဗီနိုင်းချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဗီနိုင်း ချိတ်ဆွဲထားရှိမှုအား ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံပင်စုကျေးရွာ အလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာ အလယ်တန်းကျာင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က အမှတ်(၈)ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ဇွန် ၂၁ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်အားကစားရုံအမှတ်(၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီအဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ ပညာသင်ထောက်ကူပြုပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ကူပြုပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေရပ်စွန့်ခွာပြည်သူများအား ငှက်ဖျား​ရောဂါပိုးရှိမရှိ စစ်ဆေးပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ငှက်ဖျားရောဂါပိုးရှိမရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်အတွင်းရှိ စက္ခုအလင်းစာကြည့်တိုက်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Subscribe to