ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့ ဦးဝမ်းချင်းရွှေ+ဒေါ်ရီရီချို (အောင်မြန်မာဟိန်း) ကုမ္ပဏီမိသားစုမှ သင်တောင်းကျေးရွာ၊ ရွာလည်လမ်းမကြီးအား ကတ္တရာလမ်းခင်းပေးခဲ့ပြီး ယနေ့နံနက်ပိုင်းက လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။