ပခုက္ကူ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇နာရီမှစတင်၍ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အရှေ့ဘက်ဆေးရုံသုံးထပ်ဆောင်ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး၏ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိအငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၃၉ ဦးတို့အား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါဆိုင်ရာစစ်ဆေးပေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်းကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် လိုအပ်သောဆေးဝါးများပေးအပ်ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)