တောင်တွင်းကြီးမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များထောက်ပံ့ပေးအပ်

တောင်တွင်းကြီး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပညာသင်ကြားနေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်  ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ (၉)ဦးအား တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းဖြင့် ကျောင်းသား၊ ကျောင်းသူ (၉)တွက် ၂ သိန်း ၇ သောင်းကျပ်၊ KG မူလတန်း၊ အလယ်တန်း အထက်တန်း ကျောင်းသား/သူ (၆၀) ဦးအတွက်ပညာသင် ထောက်ပံ့ကြေး (၈၄၈,၀၀၀)ကျပ်နှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းများအနေဖြင့် မိမိတို့၏သားသမီးများအတွက် ပညာရေးကိုအလေးထားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများကို လေ့လာကြိုးစားသင်ယူခြင်းဖြင့် ထူးချွန်ထက်မြတ်သည့် ဝန်ထမ်းသား၊ သမီးများ ပေါ်ထွန်းလာစေရေးနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)