ပုဇွန်တောင် ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာပေးဗီနိုင်းချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မီမီသက်နှင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွေးတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတို့ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသောဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်