မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ဇွန် ၂၁ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က(ခွဲ) ကြပ်စဉ်ချောင်း၊ အ.ထ.က (ခွဲ) ကျုံလမုအစုကြီး၊ အ.ထ.က(ခွဲ) ကွမ်းခြံချောင်း၊ အထ.က ကပ်ခို၊ အ.ထ.က ကြောင်ထောက်နှင့် အ.ထ.က မဲဇလီဦးတိုကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး Grade-10 တွင် (၃)ဦး၊ Grade-11 တွင် (၆)ဦး၊ Grade - 9 (၁) ဦး၊ Grade - 8  တွင် (၉) ဦး၊ Grade -6 တွင် (၃) ဦး၊ Grade- 5 (၈) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးဌာနမှ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)