သင်္ဃန်းကျွန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေး

သင်္ဃန်းကျွန်း ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့်။

ဦးစွာ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးမှ အခွန်ဆိုင်ရာများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များမှလည်း လိုအပ်သည်များကို ပါဝင်ဆွေးနွေးပေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲကို ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်း စုစုပေါင်း (၇၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး (ပြန်/ဆက်)