မိတ္ထီလာ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါး မျိူးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ဇွန် ၂၅ ရက် နံနက် ၉ နာရီက မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာ၌ နွေစပါးမျိုးစေ့ထုတ်စိုက်ဧက ၇၀ အနက် ဦးပိုင်အမှတ် ၅ ၊ ကွင်းအမှတ် ၈၅၄ ရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်ငါးဧက စံပြကွက်ရိတ်သိမ်းပွဲကျင်းပသည်။
အခမ်းအနားတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စန္ဒာလင်းက သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် ကောက်ကွက်ပြည့်မီရေး၊ သွင်းအားစုများ အပြည့်အဝထည့်သွင်း စိုက်ပျိုးရေး၊ မျိုးကွဲနုတ်ပယ်ရေးစသည့်စိုက်ပျိုးရေး နည်းပညာများကိုဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသက်နိုင်အေးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နွေစပါးများ စိုက်ပျိုးထားရှိမှုနှင့် နွေစပါးစံကွက်ရိတ်သိမ်းမှု အခြေအနေ တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်ငါးဧကရှိ ( GW-11) မျိူး နွေစပါးစံကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး (အစို) ၁၅၃ ဒသမ ၁၂တင်း ထွက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)