လဲချား ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းများကို အကြမ်းဖျဥ်းဆွေးနွေးပြီး လဲချားမြို့နယ်ပြည်ထောင်စုရွေးရွေးကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိရပ်မြို့ဖများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)